
ဝက်ခြံအမျိုးအစား အမျိုးမျိုးရှိပါတယ် ဝက်ခြံအရွယ်အစားပေါ်မှုတည်ပြီး နာကျင်မှုလည်းကွာခြားပါတယ်
ဝက်ခြံဖြစ်ပေါ်လာပြီဆို လိုက်နာရှောင်ရှားရမယ့် အချက်လေးတွေရှိပါတယ်
လက်ဖြင့်ခဏခဏ ဝက်ခြံကို ကိုင်တွယ်တာမျိုးတွေမလုပ်သင့်ပါဖူး
နေရောင်ထိရင် ဝက်ခြံက ပိုဆိုးနိုင်တာကြောင့် နေလောင်ကာခရင်မ်ကို လိမ်းပေးပြီးမှ
အပြင်ကို ထွက်သင့်ပါတယ်
အပြင်က ပြန်လာတဲ့အခါ မိတ်ကပ်မဖျက်ပဲ အိပ်မိတာမျိုးတို့ ညနက်မှ အိပ်တာတို့က ဝက်ခြံကိုဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတစ်ရပ် ဖြစ်ပါတယ်
ပြင်ပမှ ဖုန်,အညစ်အကြေး တို့တွယ်ကပ်လာပြီ ဆိုလည်းဝက်ခြံကို ဖြစ်ပေါ်စေပါတယ်
ဝက်ခြံက ဟော်မုန်းမညီမျှရင်လည်းဖြစ်ပေါ်နိုင်ပြီး စိတ်ဖိစီးမှုတို့ကြောင့်လည်း ဖြစ်ပေါ်နိုင်
ပါတယ်
ပေါင်းစပ်အသားအရေနဲ့ အဆီပြန်အသားအရေက ဝက်ခြံနဲ့ အဖုအပိန့်ကို ပိုမိုဖြစ်စေနိုင်ပါတယ်
ဝက်ခြံရန်ကနေ ဘယ်လိုရှောင်ရှားမလဲ ?
တစ်နေ့မျက်နှာကို နှစ်ကြိမ်သစ်ပေးပါ ဒါကတော့ လူတိုင်းလုပ်နေကြဆိုတော့ လွယ်ပါတယ် မိတ်ကပ်လိမ်းထားတယ်ဆိုရင် တိုနာနဲ့ သန့်စင်ပေးပါ
နောက်တစ်ချက်အနေနဲ့ က Moisturizer ပုံမှန်လိမ်းပေးပါ
Peeling လုပ်တဲ့ အခါမှ အချိန်ကြာကြာမလုပ်သင့်ပါဘူး
ချဉ်ငံစပ်တွေလျော့စားပါ အဓိက ကတော့ အငန်ကို လျော့စားပေးသင့်ပါတယ်
အသားအရေကိုချွေးပေါက်မပိတ်အောင်နဲ့ အမြဲ သန့်ရှင်းနေအောင်ထားဖို့က အရေးကြီးပါတယ်
အိပ်ရေးဝအောင် အိပ်တာကလည်း ဝက်ခြံသက်သာစေတဲ့ နည်းလမ်းတစ်ရပ်ပါပဲ
ပိုဆိုးလာရင် အရေပြားဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်