
အရမ်းနူးညံ့တဲ့ နှုတ်ခမ်းသားကို အစိုဓာတ်ထိန်းဖို့အတွက် Lip Balm ကိုအသုံးပြုပေးသင့်ပါတယ်..
နှုတ်ခမ်းသားလန်တာ အရေခွံကွာတာတွေအတွက် Lip Balm ဟာအထိရောက်ဆုံးနဲ့ အမြန်ဆန်ဆုံး ကုသနည်းတစ်လက်ဖြစ်ပါတယ်
အမြဲတန်းလိုလို နှုတ်ခမ်းသားခြောက်ပြီး အရေခွံလန်နေတဲ့ သူလေးတွေအတွက် Lip Balm ဟာ
လိုအပ်တဲ့ အာဟာရဓာတ်ကို ဖြည့်ပေးပြီး နှုတ်ခမ်းသားကို နူးညံ့ချောမွေ့စေပါတယ်..
နေလောင်ခြင်း ,နှုတ်ခမ်းကွဲအက်ခြင်း တို့အပြင် နှုတ်ခမ်းသားခြောက်တဲ့ အခါ တံတွေးနဲ့ ခဏခဏသက်တဲ့
သူတွေ အတွက် အမြဲလိုလိုအိတ်ထဲမှာ Lip Balm ကိုဆောင်ထားသင့်ပါတယ်..

နှုတ်ခမ်းသားဟာဆိုရင် အချိန်ကြာလာတာနဲ့ အမျှ ဆဲလ်ဟောင်းတွေ တဖြည်းဖြည်းပျက်စီးလာပြီး ကွာကျသွားတတ်ပါတယ်..
ဆဲလ်သစ်တွေ ပြန်လည်ဖြစ်ပေါ်လာပြီး နှုတ်ခမ်းသားလေး ပန်းနုရောင်သန်းစေဖို့ Lip Balm ကို
နှုတ်ခမ်းသားခြောက်သွေ့တဲ့ အခါတိုင်း လိမ်းပေးသင့်ပါတယ်...
နှုတ်ခမ်းနီ အမြဲဆိုးတဲ့ သူလေးတွေကလည်း နှုတ်ခမ်းနီ မဆိုးခင် Lip Balm ကို အရင်လိမ်းပေးပြီး
နှုတ်ခမ်းသား နည်းနည်းခြောက်သွားပြီဆိုတော့မှ အပေါ်ကနေ နှုတ်ခမ်းနီ ထပ်ဆိုးပေးသင့်ပါတယ်
နှုတ်ခမ်းသားခြောက်သွေ့နေပြီဆိုရင် တစ်နေ့ လေးနာရီခြားတစ်ခါ Lip Balm ကို လိမ်းပေးနိုင်ပါတယ်...