
Face Mask ကို များသောအားဖြင့် ညအိပ်ခါနီး ကပ်တာများကြပါတယ်..Mask မကပ်ခင်မှာပြုလုပ်သင့်တဲ့
အရာလေးတွေကိုပြောပြပေးသွားပါမယ်
အရင်ဆုံး Cleansing လုပ်ပေးရပါမယ်..
Cleansing
Mask Sheet မကပ်ခင်မှာ အရင်ဆုံး မျက်နှာသစ်ဆေးနဲ့ သစ်ပြီး သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်..
မျက်နှာမသစ်ပဲ ကပ်ပါက ချေး,ဖုန့်မှုန့်တွေ ခံနေတတ်တာကြောင့်
Mask မှာပါဝင်တဲ့ အာဟာရဓာတ်တွေ
အသားရေထဲ အလွယ်တကူ စိမ့်ဝင်မလွယ်စေတော့ပဲ
အပေါ်အယံ တင်ကျန်နေမှာ ဖြစ်ပါတယ်..
Toner
မျက်နှာသစ်ပြီးတာ နဲ့ တိုနာကို
အသုံးပြုပေးပါ။ တိုနာဟာဆိုရင် မိတ်ကပ်ချေးတွေကို ချွေးပေါက်အတွင်းထဲထိ ဖယ်ရှားပေးပြီး
နောက်ပြုလုပ်မယ့် Skincare Step တွေကို စိမ့်ဝင်လွယ်အောင် လုပ်ပေးတာကြောင့် Mask မကပ်ခင် တိုနာ သုံးပေးဖို့လည်း
မေ့မထားသင့်ပါဖူး။
Mask
တိုနာ အသုံးပြုပြီးနောက် Mask ကို ကပ်ပေးပါ။ အထုပ်ပါပါတဲ့
အတိုင်း မျက်နှာနဲ့ ကွက်တိဖြစ်အောင် ကပ်ပေးပြီး အထုပ်ထဲမှာပါဝင်တဲ့ Essence , Serum ,Soothing အစရှိတဲ့ အရည်ကြည်လေးတွေကို
မျက်လုံးနဲ့ ပါးစပ်ထဲ မဝင်အောင် သတိထားပြီးတော့ ကပ်ပေးပါ။

Waiting Time
အနည်းဆုံး ၅ မိနစ် နဲ့ ၁၅
မိနစ် အကြာဆုံး ၁၅ မိနစ် မှ မိနစ် ၂၀ လောက်ထားပြီး အသုံးပြုပေးသင့်ပါတယ်..
သိပ်အကြာကြီး ကပ်ထားပေးဖို့
မလိုအပ်ပါဖူး။ Mask ကို ခွာပြီးတဲ့နောက်မှာ မျက်နှာကို ချက်ချင်းမသစ်ပေးသင့်ပါဖူး..
Mask မှာ ပါဝင်တဲ့ အာဟာရတွေ စိမ့်ဝင်လွယ်အောင် Maskကို ခွာပြီးတဲ့ နောက်မှာ လက်ဖဝါးနဲ့
အညင်အသာ မျက်နှာကိုပုတ်ပေးပါ။
Face Maskကို နေ့တိုင်းကပ်တာထပ် တစ်ပတ် သုံးရက်လောက်ပုံမှန် ကပ်ပေးသင့်ပါတယ်။ Mask က တစ်ခါသုံးဖြစ်တာကြောင့်
သုတ်လိမ်းပေးရတဲ့ Mask အထုပ် မဟုတ်ရင် တစ်ကြိမ်သာလျှင် ကပ်ပြီး လွှင့်ပစ်ပေးသင့်ပါတယ်။