
နေ့တိုင်းလှုပ်ရှားသွားလာနေရတဲ့ အတွက် ဖုန်မှုန်,အညစ်အကြေးတွေဟာ အရေပြားပေါ်မှာ သာမက ချွေးပေါက်အတွင်းထဲထိ
ကပ်ညှိနေတတ်ကြပါတယ် ..အမြဲလိမ်းနေတဲ့ မိတ်ကပ်ကလည်း ပုံမှန် ချေးမချွတ်ပေးရင် ဆဲလ်သေအနေနဲ့ ပြောင်းလဲသွားတတ်ပါတယ်..
ဒါဆိုရင် ဘယ်လိုဆဲလ်သေတွေကို ဖယ်ရှားမလဲ?
တစ်ပတ် တစ်ကြိမ်မှနှစ်ကြိမ် Peeling ကို ပုံမှန်ပြုလုပ်ပေးသင့်ပါတယ်..
Peeling က မျက်နှာတင်မက တံတောင်,ဒူးဆစ်,လက်ဆစ်,ခြေမျက်စိ အစရှိတဲ့နေရာတွေကို ပြုလုပ်ပေးလို့ရပါတယ်
Peeling လေးရဲ့ အဓိပ္ပာယ်အတိုင်း ခွာချပါ..ဆဲလ်သေ အညစ်အကြေးတွေကို ခွာချပါ..
Dead Cell တွေကို ခွာချခြင်းဖြင့် အမဲရွတ် ,အမဲစက်,အသားအရေရောင် မညီညာခြင်းတို့ကို လျော့ပါးသက်သာစေပြီး
Peeling လုပ်ခြင်းဟာ ဆဲလ်အသစ်တွေကို ပြန်လည်ဖြစ်ပေါ်စေပါတယ်..

ဘယ် Peeling Product အမျိုးအစားမဆို အသားအရေပေါ်မှာ အကြာဆုံးငါးမိနစ်,အနည်းဆုံး သုံးမိနစ်ထားပြီး
အသုံးပြုပေးသင့်ပါတယ်.. အသားအရေပါးတဲ့ သူဆိုသုံးမိနစ်လောက်ပဲထားပြီး ပြန်လည်ဆေးချပေးပါ။ ဒီထပ်ပိုပြီး အချိန်ကြာကြာမထားသင့်ပါဖူး
Peeling လုပ်ပြီးတဲ့နောက်မှာ Moisturizer အသုံးပြုပေးဖို့မမေ့ပါနဲ့နော်..