
အဆီဖု ,အဆီခဲလေးတွေဟာ မျက်နှာပေါ်ရှိ နှာခေါင်း,ပါးစပ်,မေးစေ့ စတဲ့ အစိတ်အပိုင်းမှာ အဖြစ်များကြပါတယ်..
အဆီဖု ကို ဖယ်ရှားတော့မယ်ဆိုရင် အရင်ဦးဆုံး လက်နဲ့ ထိုးဆွတာမျိုးလုံးဝ လုံးဝ မလုပ်ပါနဲ့..ဒီလိုလုပ်လိုက်
မယ်ဆိုရင် အမာရွတ်တွေနဲ့ ပြည်တည်ရောင်ရမ်းခြင်းတွေအထိဖြစ်ပေါ်လာနိုင်ပါတယ်..နောက်ဆက်တွဲအနေနဲ့ အရေ
ပြားပိုးဝင်ခြင်းတို့ဖြစ်ပေါ်တတ်ပါတယ်..
Cleansing သေချာသန့်စင်ပေးဖို့လိုအပ်ပါတယ်..
ကိုယ် Skin Type နဲ့ ကိုက်ညီမယ့် မျက်နှာသစ်ဆေးကို ရွေးချယ်အသုံးပြုသင့်ပါတယ်..မျက်နှာသစ်ဆေးအပြင်းစားတွေနဲ့
သန့်စင်ဆေးကြောခြင်းမှ ရှောင်ကြဉ်သင့်ပါတယ်..မျက်နှာသစ်ပြီးတာနဲ့ ရေပြောင်အောင်သုတ်ပေးသင့်ပါတယ်..တစ်ချို့တွေက
မျက်နှာအေးလို့ မသုတ်ပဲထားတတ်ကြပါတယ်..အဲ့လို သူအလိုလို ရေကိုခြောက်သွားတဲ့ထိထားတဲ့ အခါ အသားအရေခြောက်သွေ့
မှုကို ပိုမိုဖြစ်စေနိုင်ပါတယ်..
Peeling နဲ့ တစ်ပတ်တစ်ကြိမ် ပုံမှန်ချေးချွတ်ပါ။
အရမ်းပြင်းတဲ့ Peeling အသုံးပြုခြင်းရှောင်ကျဉ်ပါ။ Salicylic acid နဲ့ glycolic acid ပါဝင်တာမျိုးရွေးချယ်အသုံးပြု
ပေးပါ။
Sun Cream ကို မဖြစ်မနေအသုံးပြုပေးသင့်ပါတယ်။
အဆီဖု ဖြစ်ပေါ်ခြင်းဟာနေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့တဲ့ အခါ ပိုမိုဆိုရွားလာနိုင်တာကြောင့် SPF 30 အထက်ပါတဲ့ Sun Cream မျိုးကို
ရွေးချယ်အသုံးပြုပေးသင့်ပါတယ်။စေးကပ်မှု မရှိပဲ အေးမြတဲ့ Sun Cream ကို အသုံးပြုသင့်ပါတယ်..စေးကပ်မှုရှိတဲ့ Sun Cream က
ချွေးပေါက်ကို ပိတ်ဆို့စေနိုင်တာကြောင့်ဖြစ်ပါတယ်