
အမျိုးသားရော အမျိုးသမီးမရွေး ပစ်မျိုးမှဲ့မထင် အသားအရေမျိုးကို ပိုင်ဆိုင်ချင်ကြပါတယ်..
အသားအရေ ပြသာနာတွေထဲမှာ အဆိုးဆုံးဖြစ်တဲ့ မှဲ့ခြောက်ဟာဆိုရင် ယုံကြည်မှုကို ပျက်စီးစေပါတယ်
မှဲ့ခြောက်ရန်မှ ကာကွယ်ဖို့ဆိုရင် Sun Cream ကို မဖြစ်မနေအသုံးပြုပေးဖို့ လိုအပ်ပါတယ်..
အပြင်သွားတိုင်း နေလောင်ကာစေမယ့် ဦးထုပ် သို့ ထီး တစ်ခုခု ဆောင်ထားသင့်ပါတယ်..
မှဲ့ခြောက်ဆိုတာ မျက်နှာတွင်မက လက်မောင်း,ပုခုံး, ခန္ဓာကိုယ်အရေပြားများပေါ်တွင်လည်း ဖြစ်ပေါ်တတ်ပါတယ်
အသားဖြူတဲ့ သူတွေမှာ မှဲ့ခြောက်အဖြစ်များကြပါတယ်..မှဲ့ခြောက်က နေရောင် UV Ray နဲ့တိုက်ရိုက်ထိတွေ့ခြင်း
ကြောင့် ဖြစ်ပေါ်တတ်သလို မျိုးရိုးကြောင့်လည်းဖြစ်ပေါ်တတ်ပါတယ်..
မှဲ့ခြောက်ရှိတဲ့ သူကနေပူထဲ သွားမယ်ဆိုရင် SPF 50 အထက်ပါဝင်တဲ့ Sun Cream ကို အသုံးပြုပေးသင့်ပါတယ်
မှဲ့ခြောက်တွေဟာ အရေပြားကင်ဆာကို ဖြစ်စေနိုင်ပါတယ် (အသက်အန္တရယ် မထိခိုက်နိုင်ပါ)
မှဲ့ခြောက်က သဘာဝအလျောက် ဖြစ်ပေါ်တဲ့ မှဲ့ခြောက်နဲ့ နေလောင်ကြောင့်ဖြစ်ပေါ်တဲ့ မှဲ့ခြောက်ဆိုပြီး အဖြစ်များကြပါတယ်..
နေလောင်ဒဏ်ကြောင့်ဖြစ်သော မှဲ့ခြောက်တွေဟာ ပိုမဲပြီး ပိုလည်းကြီးတတ်ပါတယ်..

မှဲ့ခြောက် ကုထုံး အမျိုးမျိုးရှိပါတယ်..
လေဆာပစ်ခြင်း , အပြင်သွားတိုင်း Sun Cream လိမ်းခြင်း,မှဲ့ခြောက်သက်သာစေတဲ့ Skincare အသုံးပြုခြင်း
အရေပြားဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးခြင်းတို့ ပြုလုပ်သင့်ပါတယ်..