
လူတိုင်းလိုလို အသားအရေပြသာနာတွေကို အမျိုးမျိုးကြုံတွေ့ကြရပါတယ်..ဒီတစ်ခေါက် မင်မင် ပြောပြသွားမှာကတော့ အသားအရေမညီညာခြင်းကို
ဘယ်လိုကုသ ကာကွယ်မလဲဆိုတာပဲ ဖြစ်ပါတယ်?
ကဲ ဒါဆို ကြည့်လိုက်ရအောင်နော်
1* Sun Cream လိမ်းပါ
အပြင်မသွားခင် ခရမ်းလွန်ရောင်ခြည်ဒဏ်မှ အသားအရေကို မဖြစ်မနေကာကွယ်ဖို့အတွက် Sun cream လိမ်းပေးသင့်ပါတယ်..
ခရမ်းလွန်ရောင်ခြည်ကို ထိထိရောက်ရောက်ကာကွယ်တဲ့ Sun Cream မျိုးကို ရွေးချယ်အသုံးပြုသင့်ပါတယ်..ဉပမာ SPF 30 ပါဝင်တဲ့ Sun Cream
ဟာဆိုရင် အရေပြားကင်ဆာရန်မှ ကာကွယ်ပေးပြီး အသားအရေ အရောင်မညီမညာခြင်းတို့မှ ကာကွယ်ပေးပါတယ်။
2* Peeling နဲ့ ပုံမှန် ချေးချွတ်ပေးပါ
ချေးအညစ်အကြေးတွေဟာ အချိန်ကြာမြင့်လာတာနဲ့အမျှ ဆဲလ်သေတွေအဖြစ်သို့တဖြေးဖြေးပြောင်းလဲလာပြီး အသားအရေကို မဲညစ်လာစေပါတယ်..
ကြာလာတာနဲ့ အမျှ အသားအရေခြောက်သွေ့ခြင်းကို ဖြစ်ပေါ်လာစေပါတယ် အသားအရေညီညာစေဖို့ဆိုရင် မလိုအပ်တဲ့ ဆဲလ်သေလေးတွေကို တစ်ပတ် တစ်ကြိမ်
သို့ နှစ်ကြိမ် ချေးချွတ်ပေးဖို့ လိုအပ်ပါတယ်..
3* ရေဓာတ်ဖြည့်ပေးပါ
ရေများများသောက်ပါ ရေဓာတ်ပါဝင်တဲ့ Product ကိုရွေးချယ်အသုံးပြုပေးပါ ဉပမာ Hyaluronic Acid ,Moisturizer တို့လိုမျိုးရေဓာတ်ပါဝင်တဲ့ Product ကိုရွေးချယ်အသုံးပြုပေးပါ
လူတစ်ယောက်ဟာဆိုရင်တစ်ရက်ကို ရေနှစ်လီတာ အနည်းဆုံးသောက်သုံးပေးသင့်ပါတယ် ရေဓာတ်ပါဝင်တဲ့ အသီးအနှံမျိုး စားသုံးပေးသင့်ပါတယ်..သခွားသီး , ဖရဲသီး , သင်္ဘာသီး အစရှိသဖြင့်ရေဓာတ်ပါဝင်တဲ့ အသီးအနှံကို များများစားသုံးပေးပါ...