
အသားအရေ ယားယံရတဲ့ အကြောင်းအရင်းတွေများစွာရှိပါတယ်၊၊
ခြင်ကိုက်တာကြောင့် ဖြစ်သလို
အစားအသောက်မတည့်လို့ ယားယံခြင်း
ဆီးချို,သွေးချို
အရေပြားရောဂါ အစရှိသဖြင့် အမျိုးမျိုးသောအကြောင်းအရာကြောင့် အသားအရေယားယံမှုဖြစ်ပေါ်တတ်ကြပါတယ်။
အရေပြားယားယံခြင်းကို သက်သာအောင် ဗီတာမင် A,C,E ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးပေးဖို့လိုအပ်ပါတယ်။
ဗီတာမင် ကြွယ်ဝတဲ့ အစားအစာတွေက ဘာတွေလဲ?
* သံလွင်သီး၊ သံလွင်ဆီ
* ဟင်းနုနွယ်
* ပြောင်းဖူး
* လိမ္မော်သီး
* ဂေါ်ဖီထုပ်
* ပန်းဂေါ်ဖီ
* မာလကာသီး
* သံပရာသီး
* ငရုတ်ပွသီး
စတဲ့ အစားအသောက်တွေက ဗီတာမင် ကြွယ်ဝစွာပါဝင်တာကြောင့် စားသုံးပေးသင့်ပါတယ်။

ဗီတာမင် A ကအသားအရေရှိ ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး အရေပြားယားယံခြင်းမှ ကာကွယ်ပေးပါတယ်။
ဗီတာမင် C က အသားအရေခြောက်သွေ့ကြမ်းတမ်းခြင်း, ယားယံခြင်းနဲ့ အမာရွတ်, အမဲစက်စသည်တို့ကို သက်သာစေပါတယ်။
ဗီတာမင် E က ဓာတ်တိုးဆန့်ကျင်ခြင်းပစ္စည်းတွေ ကြွယ်ဝတာကြောင့် အသားအရေ သွေးလည်ပတ်မှုကို အားကောင်းစေပြီး ထိခိုက်လွယ်တဲ့အသားအရေနဲ့ အသားအရေ ယားယံခြင်းတို့မှ ကာကွယ်ပေးပါတယ်။