
* ဒီနေ့မှာ မင်မင်က ဆားဝက်ခြံအကြောင်းနဲ့ပတ်သက်ပြီး အနည်းငယ်ပြောပြပေးသွားချင်ပါတယ်...
* မျက်နှာကို သေချာ သန့်စင်ပေးဖို့လိုအပ်ပါတယ်.. အသားအရေ ထိန်းသိမ်းနည်းမမှန်ကန်ရင်လည်း ဆားဝက်ခြံ များဖြစ်ပေါ်တတ်ပါတယ်..
* အဆီများတဲ့ Product တွေကို ရှောင်ရှားပေးပါ..ရေကိုအခြေခံထုတ်လုပ်ထားတဲ့ Skincare ကိုရွေးချယ်အသုံးပြုပေးပါ..
* ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကိုစားသုံးပေးပါ..
* ဆေးလိပ်သောက်ခြင်းကလည်း ဆားဝက်ခြံကို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းထဲက တစ်ခုဖြစ်ပါတယ်...

ဆားဝက်ခြံ ကို ဘယ်လို ဖယ်ရှားမလဲ?
* ကြက်ဥ အကာ
ဆားဝက်ခြံရှိတဲ့ နားကို ကြက်ဥအကာသုတ်လိမ်းပေးပါ.. ခြောက်သွေ့သွားတဲ့အခါ ချွေးပေါက်တွေကို ညစ်သလို တင်းသွားတာကြောင့် ပိတ်ဆို့နေတဲ့ အဆီခဲတွေကို ညစ်ထုတ်ပြီးသားဖြစ်သွားမယ်...ပြီးသွားတဲ့နောက် ရေနွေးကြက်သီးဖြန်းနဲ့ သန့်စင်ပေးပါ...
* မုန့်ဖုတ်ဆိုဒါ
အသားအရေကို သန့်စင်ပြီးနောက် မျက်နှာပေါ်ရှိ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်တဲ့ သဘာဝပိုးသတ်ဆေးတစ်မျိုး ဖြစ်တဲ့..မုန့်ဖုတ်ဆိုဒါကို တစ်ဇွန်းစာယူပြီး ရေနဲ့ဖျော်ပါ ပြီးနောက် ဆားဝက်ခြံ ရှိတဲ့အပေါ်သို့ သုတ်လိမ်းပါ..
* ဆားဝက်ခြံ ကပ်ခွာ
မျက်နှာရဲ့ T Zone မှာ ဆားဝက်ခြံအဖြစ်များတတ်ပါတယ်..ဆားဝက်ခြံကပ်ခွာကို မိနစ်အနည်းငယ်ကပ်ပြီးနောက် ခွာပေးပါ..လက်နဲ့ မညစ်မိအောင်သတိထားပေးပါ..
* Cleansing လုပ်ပေးပါ
Cleansing ကို Double လုပ်ပေးရင်ပိုကောင်းပါတယ်..မျက်နှာသစ်ပြီးနောက် Moisturizer လိမ်းပေးပါ..အဆီများရင် ဆားဝက်ခြံကိုပိုဖြစ်နိုင်တာကြောင့် ရေဓာတ်ကိုအခြေခံထုတ်ထားတဲ့ Product ကိုရွေးချယ်လိမ်းပေးပါ...
* ခေါင်းအုံးစွပ် ကို သန့်သန့်ရှင်းရှင်းထားပါ..
ခေါင်းအုံးစွပ် ကို တစ်ပတ်မှာ တစ်ကြိမ်လောက်တော့ပုံမှန် လျှော်ပေးသင့်ပါတယ် ခေါင်းအုံးစွပ် မသန့်ရှင်းခြင်းကလည်းအသားအရေ ပြသာနာ တွေကို ဖြစ်စေနိုင်ပါတယ်..
အခုမင်မင်ပြောတာလေးတွေ လိုက်လုပ်ကြည့်ပြီး ဆားဝက်ခြံ ထွက်ခြင်းမှ ကင်းဝေးကြပါစေ..