အသားအရေ အတွင်းပိုင်းကစပြီး လှပအောင်...
အတွင်းကနေ လှိုက်တက်လာတဲ့ လှပမှု...
အတွင်းပိုင်း အလှတရား...
Inner Beauty ကို ဖော်ဆောင်တဲ့ အဓိပ္ပာယ်တွေက အများအပြားရှိသလိုပဲ Inner Beauty ကလည်း ခုတလော Trend ဖြစ်နေပါတယ်နော်
Inner Beauty ဆိုတာ ဘာလဲ?
Inner Beauty ဆိုတာ Inner ( အတွင်း ) နဲ့ Beauty ( လှပမှု ) ရဲ့ ပေါင်းစပ်မှုနဲ့ ခန္တာကိုယ် အတွင်းပိုင်းကစပြီး ကျန်းမာမှုကို ဖြည့်တင်းပေးကာ အလှအပကို ရှာဖွေခြင်းဆိုတဲ့ အဓိပ္ပာယ်ပဲ ဖြစ်ပါတယ်။
ရိုးရိုးရှင်းရှင်း မိတ်ကပ်လိမ်းပြီး အသားအရေ ပြင်ပကိုပဲ ပြင်ဆင်ချယ်သတဲ့ အဆင့်ကို ကျော်လွန်ပြီး “ အစားအသောက် “ ကနေမှ တစ်ဆင့် ခန္တာကိုယ် အတွင်းကစပြီး ကျန်းမာလှပလာအောင်ဆိုတဲ့ အဓိပ္ပာယ်အနေနဲ့ တစ်ဖြည်းဖြည်းလူသိများလာနေပါတယ်။

အခုဆိုရင် Inner Beauty နဲ့ ပက်သက်တဲ့ ပစ္စည်းရဲ့ အမျိုးအစားနဲ့ စွမ်းဆောင်ရည်တွေလည်း ပိုပြီး များပြားလာပါတယ်။
အသားအရေရဲ့ အစိုဓာတ်နဲ့ တင်းရင်းမှုကို ထိန်းသိမ်းပေးနိုင်တဲ့ ကော်လဂျင်၊ Hyruronic အက်စစ်တို့က inner beauty ရဲ့ အဓိက ထုတ်ကုန်ပစ္စည်းတွေလို့ ပြောနိုင်ပြီး အဲ့တာအပြင် အသားအရေရဲ့ အရောင်နဲ့ အိုမင်းရင့်ရော်မှုကို ဖြစ်ပေါ်စေတဲ့ အန္တရာယ်ရှိတဲ့ ဓာတ်တွေကို ဖယ်ရှားပေးနိုင်တဲ့ ဗီတာမင် အေ၊ ဗီတာမင် စီ၊ Coenzyme Q10, spirurina အစရှိတဲ့ ခုခံအားကောင်းစေတဲ့ ဓာတ်များကလည်း inner beauty ရဲ့ အမျိုးအစား တစ်ခုလို့ မြင်လို့ရပါတယ်။ ပိုပြီး အမြင်ကျယ်ကျယ်နဲ့ ထားကြည့်မယ်ဆိုရင် ရေဓာတ်ကို အလုံအလောက် ဖြည့်တင်းပေးတာကလည်း inner beauty အတွက် နည်းလမ်းတစ်ခုလို့ မြင်လို့ရပါတယ်။
သို့ပေမဲ့ တစ်ဉီးတစ်ယောက်ချင်းစီရဲ့ စားသောက်ပုံ၊ နေထိုင်ပုံ ၊ အလေ့အကျင့်၊ အသက်အရွယ်ကို လိုက်ပြီးတော့ လိုအပ်တဲ့ အာဟာရဓာတ်ကလည်း ကွဲပြားနိုင်တာ ဖြစ်တဲ့အတွက် inner beauty ကို သောက်သုံးတယ်ဆိုတိုင်း အကျိုးရလဒ် ရပုံချင်းကတော့ တူညီမှာမဟုတ်ပါဘူး။ အရင်ဆုံးတော့ မှန်ကန်တဲ့ အာဟာရဓာတ်ကို ဖြည့်တင်းနိုင်ဖို့ လိုအပ်တဲ့ အစားအသောက်ပုံစံကို ထိန်းသိမ်းပေးပြီး၊မိမိအတွက် လိုအပ်တဲ့ အာဟာရဓာတ်ကို မျှမျှတတ ဖြည့်တင်းပေးတာကလည်း အကောင်းဆုံး နည်းလမ်းတစ်ခုလို့ ပြောလို့ ရပါတယ်။

ဒါကြောင့် စစ်မှန်တဲ့ အလှအပတရားကို လိုချင်တယ်ဆိုရင်တော့
ရိုးရိုးရှင်းရှင်း အပြင်ပန်းပဲ လှပပြီး တောက်ပနေတာထက် ကျန်းမာရေး အတွက် ကောင်းမွန်တဲ့ အစားအသောက်နဲ့ သင့်တင့်တဲ့ လေ့ကျင့်ခန်းတွေမှ တစ်ဆင့် ကျန်းမာ လှပမှုကို ဖန်တီးသွားတာကမှ စစ်မှန်တဲ့ “ Inner Beauty “ လို့ ခေါ်သင့်ပါတယ်။ထပ်ပေါင်းပြောရရင်တော့ မိမိကိုယ်ကို ချစ်မြတ်နိုးခြင်း၊ တစ်နည်းပြောရရင် “ မိမိကိုယ်ကို ယုံကြည်မှုတွေအထိ တိုးလာမယ် ဆိုရင်တော့ “ စစ်မှန်တဲ့ အလှတရား နဲ့ ကျန်းမာခြင်း” ကပြီးပြည့်စုံသွားပြီလို့ ပြောလို့ရနိုင်ပါတယ်။
ကျွန်တော်တို့ SSMall မှ တစ်ဆင့် ရရှိနိုင်တဲ့ Inner Beauty ထုတ်ကုန်လေးတွေနဲ့လည်း မိတ်ဆက်ပေးချင်ပါတယ်။
Haru Tok Tok Collagen Stickများကတော့ ဗီတာမင်နဲ့ သတ္တုဓာတ် ကြွယ်ဝပြီး Fish Collagen ပါဝင်တာ ဖြစ်တဲ့အတွက် ခန္တာကိုယ်အတွင်း မကောင်းတဲ့ အဆီအနှစ်တွေနဲ့ ဆားဓာတ်တွေကို စွန့်ထုတ်ပေးနိုင်ပြီး ကျန်းမာလှပမှုကို အပြည့်အဝ ထိန်းသိမ်းပေးနိုင်ပါတယ်။
တစ်ခုချင်းစီရဲ့ အချက်အလက်ကို အောက်ပါ လင့်လေးကတစ်ဆင့် ဝင်ရောက်လေ့လာနိုင်ပါတယ်ရှင်။
Inner Beauty - SSMall (globalsuns.net)